Events
Coconut project မှ “အုန်းအခြေခံထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲ” ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2024-01-16 14:38:41
အက်ခ်မက်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (ACEMES–ROK Cooperation Fund) ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေသော အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုး ကွင်းဆက်တစ်လျှောက်အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်းအစီအစဉ်အရ “အုန်းအခြေခံ ထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲ” ကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကျင်းပနိုင်ရေး အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉:၃၀ နာရီ အချိန်တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းမှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း (၈) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ ပြခန်းအရေအတွက်နှင့် ပြခန်းတည်ဆောက်သည့်အစီအစဉ်၊ ပြပွဲတွင် ပါဝင်ပြသမည့်သူများ ပြပွဲသို့ လာရောက်ခင်ကျင်းပြသရမည့်အစီအစဉ်၊ ပြိုင်ပွဲဝင်ပစ္စည်းများထားရှိမည့်အစီအစဉ်၊ ပြပွဲနှင့် ပြိုင်ပွဲကို အများပြည်သူသိရှိစေရန်အတွက် website များတွင် ထည့်သွင်းရန်နှင့် ကြော်ငြာ ဆိုင်းဘုတ်ပြုလုပ်၍ ကြော်ငြာသွားရန် စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၁:၄၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026